News Detail

နယူးဇီလန်ကို Comeback ဖြင့် အနိုင်ယူခဲ့တဲ့ အီဂျစ်

The network connection is lost.

နယူးဇီလန် ၁-၃ အီဂျစ် (ပွဲပြီးရလဒ်)

အုပ်စု(G)ရဲ့ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ အီဂျစ်က နယူးဇီလန်ကို နောက်မှလိုက်ကစားကာ အနိုင်ယူပြီး သူတို့အသင်းသမိုင်းတလျှောက် သမိုင်းဝင်ဗွေဆော်ဦးကမ္ဘာ့ဖလားနိုင်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းအတွင်း နယူးဇီလန်က ဆာမန်ရဲ့သွင်းဂိုးဖြင့် ဦးဆောင်ကစားခဲ့ပြီး အီဂျစ်အသင်းကို ဖိအားများစေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အီဂျစ်အတွက် ဇီကို၊ မိုဆာလက်နဲ့ ထရာဇီဂေးတို့က ဂိုးတွေသွင်းယူပေးခဲ့ပြီး အဖိုးတန်အနိုင်သုံးမှတ်အပြည့်ကို ရှာဖွေပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ရမှတ်လေးမှတ်စုဆောင်းထားနိုင်တဲ့ အီဂျစ်အသင်းက အုပ်စုဗိုလ်နေရာကို ရောက်ရှိလာပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။