News Detail

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ယာမယ်လ်ကို လှိုက်လှိုက်လှဲလှဲချီးကျူးလာတဲ့ ရွန်းနီ

The network connection is lost.

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက ဆော်ဒီအာရေဗျကို ၄-၀ ဂိုးနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမယ်လ်ကို ဝိန်းရွန်းနီက အလွန်အမင်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားလေးဟာ ပွဲစပြီး ၁၀ မိနစ်အတွင်းမှာပဲ သူ့ရဲ့ ပြိုင်ပွဲဝင် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး စပိန်အသင်းကို အစောပိုင်းကတည်းက ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ကာ ဒုတိယပိုင်းမှာတော့ လူစားလဲခြင်း ခံခဲ့ရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွန်းနီဟာ ယာမယ်လ်ရဲ့ လွှမ်းမိုးနိုင်စွမ်းအပေါ် အထင်ကြီးလေးစားမိပြီး သူ့ရဲ့စွမ်းဆောင်ရည်ဟာ ထူးခြားပြောင်မြောက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"တစ်ခုသိလား၊ ကျွန်တော် သူ့ကို တကယ်သဘောကျတယ်၊ သူကစားတာ မြင်ရရင်ကို ပြုံးမိစေတယ်။ သူကစားတဲ့ပုံစံက တကယ့်ကို ပျော်စရာကောင်းပြီး ကြည့်လို့ကောင်းလွန်းတယ်" လို့ ရွန်းနီက BBC ကို ပြောခဲ့ပါတယ်။

"သူ စပိန်အသင်းအတွက် လုပ်ပေးတာတွေက အံ့ဩစရာပါ။ စပိန်အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိပြီး သူက အဲဒီကစားသမားတွေကို ယုံကြည်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ သူတို့ ယူရိုဖလားကို နိုင်ခဲ့တုန်းက သူက ၁၆ နှစ်ပဲ ရှိပါသေးတယ်။ အခုတော့ သူက ကစားသမားတစ်ယောက်အနေနဲ့ အများကြီး ရင့်ကျက်လာပြီ။ အသက် ၁၈ နှစ်အရွယ် ကစားသမားတစ်ယောက်ကို အခုလိုပြောရတာ ထူးဆန်းပေမဲ့ သူက ကွင်းထဲက စပိန်အသင်းဖော်တိုင်းကို ယုံကြည်မှုတွေပေးနိုင်သလို ဒီကမ္ဘာ့ဖလားမှာ ဆက်ပြီး အောင်မြင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်" လို့ ရွန်းနီက ဆိုပါတယ်။