News Detail

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုကို ကာကွယ်ပြောဆိုလာတဲ့ ဘရူနိုအဲလ်ဗက်စ်

The network connection is lost.

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန်မှာပဲ ဘရူနိုအဲလ်ဗက်စ်က သူ့ဘက်ကနေ အခိုင်အမာရပ်တည်ပြီး ကာကွယ်ပြောဆိုပေးခဲ့တာပါ။

ဟူစတန်မှာကစားခဲ့တဲ့ အုပ်စု (K) အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက DR ကွန်ဂိုနဲ့ ၁-ဂိုးစီ သရေကျခဲ့ပြီး ပြိုင်ပွဲအစမှာ စိတ်ပျက်စရာရလဒ်နဲ့ ကြုံတွေ့ခဲ့ရပြီးနောက် နောက်ခံလူဟောင်း အဲလ်ဗက်စ်က သူ့ရဲ့အသင်းဖော်ဟောင်းကို အခုလိုပဲ အားပေးစကားပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆) ကြိမ်မြောက်အဖြစ် စံချိန်တင် ပါဝင်ကစားနေတာဖြစ်ပြီး အခုပွဲမှာတော့ အပိုင်အခွင့်အရေးတချို့ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေနဲ့ ဝေဖန်သူတွေကြားမှာ အကြီးအကျယ် ဝေဖန်ခံနေရတာပါ။

ဒါပေမဲ့ ၂၀၁၆ ယူရိုဖလားကို ရော်နယ်ဒိုနဲ့အတူ ဆွတ်ခူးခဲ့ဖူးတဲ့ အဲလ်ဗက်စ်ကတော့ ဒီလိုအပျက်သဘောဆောင်တဲ့ ပြောဆိုမှုတွေကို လက်မခံခဲ့ဘဲ ဝါရင့်ကြယ်ပွင့်ကစားသမားကြီးကို ထောက်ခံကြောင်း လူမှုကွန်ရက်ကနေတစ်ဆင့် အားပေးစကားပါးခဲ့ပါတယ်။

အဲလ်ဗက်စ်က သူ့ရဲ့ Instagram မှာ "လေးစားမှုရှိပါ၊ အိုင်ဒေါ (Idol) တွေဟာ ဘယ်တော့မှ ခေတ်မကုန်သွားပါဘူး" လို့ ရေးသားခဲ့ပါတယ်။ "ဘောလုံးလောကအတွက် ဘာမှမယ်မယ်ရရ လုပ်မထားတဲ့သူတွေက ဘောလုံးအကြောင်းတွေ အများကြီး လျှောက်ပြောနေကြတယ်။ ကိုယ့်ထက် ပိုလုပ်နိုင်တဲ့သူတွေဆီကလာတဲ့ ဝေဖန်မှုမျိုးကိုပဲ လက်ခံသင့်တာပါ။ စီရော်နယ်ဒိုရေ... ငါတို့ကတော့ ဘာပဲဖြစ်ဖြစ် မင်းကို အမြဲယုံကြည်နေမှာပါ" လို့လည်း သူက ဆိုပါတယ်။